untitled
အကြောက်တရားဖိစီးမူနဲ့
သွေးလေချောက်ချားညတွေ
မလိုချင်လို့လည်း မရ
နယ်နိမိတ်ကျွမ်းကျင်တဲ့ ကျားသစ်တစ်ကောင်လို
သူဟာ ကြုံးဝါးနေဆဲ
ငါ့မှာ
ပြေးဖို့ကြိုးစားရင်း လဲကျနေတတ်တဲ့
လမ်းလျှောက်တတ်စ ကလေးလေးတစ်ယောက်လို
ခိုကိုးရာမဲ့
နွေခေါင်ခေါင်မှာ ရေအပြင်ကိုရောက်နေတဲ့ ငါးတစ်ကောင်လိုမျိုး ။
ကျော်ဇံမောင်
No comments:
Post a Comment