untitled
အကြောက်တရားဖိစီးမူနဲ့
သွေးလေချောက်ချားညတွေ
မလိုချင်လို့လည်း မရ
နယ်နိမိတ်ကျွမ်းကျင်တဲ့ ကျားသစ်တစ်ကောင်လို
သူဟာ ကြုံးဝါးနေဆဲ
ငါ့မှာ
ပြေးဖို့ကြိုးစားရင်း လဲကျနေတတ်တဲ့
လမ်းလျှောက်တတ်စ ကလေးလေးတစ်ယောက်လို
ခိုကိုးရာမဲ့
နွေခေါင်ခေါင်မှာ ရေအပြင်ကိုရောက်နေတဲ့ ငါးတစ်ကောင်လိုမျိုး ။
ကျော်ဇံမောင်
mwearmein
Saturday, August 22, 2015
Thursday, August 13, 2015
ကတ်ထရီနာ
မင်းကိုထွေးပွေ့လို့ထားရတာဟာ လောကကြီးတစ်ခုလုံးကို ရရှိထားသလိုပါပဲ ကတ်ထရီနာ
မင်းရဲ့စကားသံလေးတွေ အပြုံးချိုချိုတွေဟာ ပန်းပွင့်လေးတွေလို မြက်ခင်းစိမ်းစိမ်းပေါ် ပြေးလွှားဆော့ကစားနေကြရဲ့
မင်းရဲ့ခြေသံဖွဖွလေးဟာ ကိုယ့်အသက်ရှူခြင်းရဲ့ အဓိပ္ပာယ်
မင့်ရဲ့ဆံနွယ်တွေဝဲလွှင့်နေပုံဟာ စက္ကန့်တိုင်းရေးဆွဲနေမယ့် ကိုယ့်ရင်ထဲက တစ်သက်တာပန်းချီကား
ကြယ်တွေနဲ့ တလက်လက်ဖြစ်နေတဲ့ကောင်းကင်ဟာ ကိုယ်တို့နှစ်ယောက်ရဲ့နားလည်မူပါပဲ ကတ်ထရီနာ
ပန်းတစ်ပွင့်ချင်းကို ယုယကြင်နာတန်ဖိုးထားရတဲ့ ဥယျာဉ်မှူးရဲ့အချစ်မျိုးနဲ့ မင်းကိုမြတ်နိုးရပါတယ် ကတ်ထရီနာ
သစ်ပျိုပင်အောက် အေးမြတဲ့လေပြည်နဲ့ ငြိမ်းချမ်းတဲ့လရောင်တို့ အနမ်းချင်းဖလှယ်ကြချိန် မင်းရင်ခွင်ထဲ ခေါင်းလေးဖွက်လို့ တမှေးလောက်အိပ်စက်ပါရစေ ကတ်ထရီနာ
မိခင်တစ်ယောက်ရဲ့ကြင်နာပုံမျိုး
ချစ်ခြင်းဖွဲ့တေးတစ်ပုဒ်ရဲ့သံစဉ်စာသားတွေ ယှက်ဖြာနေတဲ့မင့်မျက်လုံးတွေကို ရင်ခွင်မီးတိုင်ပေါ် ကူးယူထွန်းညှိရင်း ရက်စက်တဲ့လောကအကြောင်း ကိုယ်ခဏမေ့ထားချင်ပါတယ် ကတ်ထရီနာ
လောကဓံရဲ့အဆော့သန်မူကြောင့် ရှင်ကွဲကွဲသွားရတဲ့ချစ်သူတွေအကြောင်း ကိုယ်ပုံပြောပြမယ်
ဟင့်အင်း မငိုလိုက်ပါနဲ့ ကတ်ထရီနာ
ဆုံးဖြတ်ချက်အမှားတစ်ခုအတွက် လှောင့်ချိုင့်ထဲအပိတ်ခံရတဲ့ မင်းသမီးဟာ မင်းလေးမှမဟုတ်ပဲကွယ်
မင်းမျက်ဝန်းလှလှလေးတွေဟာ မျက်ရည်ပူတွေယိုစီးပြီး ဖျော့တော့နေဖို့မှမဟုတ်တာ
ကိုယ်တို့ရဲ့နှလုံးသွေးတွေဟာ ကြည်လင်လတ်ဆတ်ကြပါတယ် ကတ်ထရီနာ
မိုးရေတွေကြားထဲ ကလေးငယ်ငယ်လို ပျော်ရွှင်မြူးထူးခုန်ပေါက်နေတဲ့မင်းလေးဟာ နေရောင်ကိုထိတွေ့ခွင့်ရတဲ့ နေကြာပန်းလို ကိုယ့်ရင်ကိုတလှပ်လှပ် ခုန်စေပါတယ် ကတ်ထရီနာ
ကိုယ်ဟာ မင်းလေးနဲ့ဆုံတိုင်း ရင့်ကျက်ဖို့ကြိုးစားနေရတဲ့ သိုးငယ်လေးတစ်ကောင်
ကြိုးစားတိုင်း ကျရှုံးရပါတယ် ကတ်ထရီနာ
ကိုယ့်ဆီလာတဲ့ခရီးမှာ ကျခဲ့ရတဲ့ချွေးစက်တွေကို တစ်စက်ချင်းအမြတ်တနိုးကောက်ယူ ချစ်ခြင်းတွေနဲ့ပန်းတစ်ကုံးစာ သီကုံးလို့ပေးချင်ပါတယ် ကတ်ထရီနာ
အိပ်စက်ရင်းအိပ်မက်တဲ့အခါတောင် မင့်ရဲ့လက်ချောင်းလေးတွေကို ဆုပ်ယူအားပေးလို့နေမိပါတယ် ကတ်ထရီနာ
အချစ်စစ်တို့ရဲ့လမ်းဟာ ဆူးငြောင့်တွေများသတဲ့လား
ကြုံလာမယ့်လေနီကြမ်းတွေကို ကိုယ့်ရင်နဲ့အမျှ ဆီးယူမျိုချလိုက်ပါ့မယ် ကတ်ထရီနာ
မင့်ရဲ့ရယ်သံလွင်လွင်ကြားရဖို့ သွေးကြောတွေရဲ့အဆက်မပြတ်ပေါက်ကွဲမူကို ဥပက္ခာတရား ကိုယ်ထားလိုက်နိုင်ပါတယ် ကတ်ထရီနာ
သရက်ပွင့်တစ်ချို့ဟာ သရက်သီးတွေဖြစ်တည်လာသလို ချစ်ခြင်းတွေကို ဆင့်ကဲတည်ဆောက်ယူရင်း
ကိုယ်တို့ဟာ အားကောင်းမောင်းသန်ကြင်နာတတ်ခဲ့ပါပြီ ကတ်ထရီနာ
သေခြင်းတရားကို နှလုံးသွင်းရင်း ကိုယ်တို့တွေအရင်ကထက်ပိုချစ်ကြရအောင်
ုကိုယ်တို့ဝေးတဲ့ခဏမှာ ရွာတဲ့မိုးဟာ
သတိရခြင်းခေါင်မိုးပေါ်ကနေ ဆွေးမြေ့စွာလှိမ့်ဆင်းကျနေပါလိမ့်မယ် ကတ်ထရီနာ
မင့်ကိုယ်သင်းရနံ့လေးပြန်လည်ရှူရှိုက်မိချိန်
ကိုယ်ဟာလေ
မိုးဖွဲတွေဖျန်းပက်လိုက်လို့ စိမ်းစိုလာတဲ့သစ်ရွက်ကလေးလို အသက်ရှူမှန်လာခဲ့ပါတယ် ကတ်ထရီနာ
ပိန်းကြာရွက်ပေါ်တင်တဲ့ရေဟာ ကိုယ်တို့ဖြစ်ခဲ့ကြရင်
အနာတရတွေမင်းအပေါ် မကျရောက်လေအောင်
ကိုယ်ကိုယ်တိုင်ခုန်ဆင်းပြီး ဆီးယူပွေ့ဖက် ယုယလို့ပေးချင်ပါတယ် ကတ်ထရီနာ
လရောင်ရွှန်းပညရဲ့ ငြိမ့်ညောင်းတဲ့ရေပြင်ထက်မှာ
တစ်လှေတည်းစီးရင်း မင်းခံစားဖို့ချစ်ကဗျာလေးတွေ ရွတ်ဆိုလို့ အသုံးတော်ခံပါ့မယ် ကတ်ထရီနာ

Wednesday, July 29, 2015
*ရယ်မောစရာ*
စိုထိုင်းစက
သူစားတဲ့နေရာမှာ
မြမြလေး
မကဲပဲရဲတဲ့
သူ့သနပ်ခါးတင်
ရိုးစင်းသေချာတဲ့
သူ့ကောလာကွပ်
ငွေ့ရည်ဖွဲ့လောက်တဲ့
ညှို့မှောင်မှောင်ကြည့်စရာ
အနံတိုတို
ညဥ့်ခိုကိုစွဲကော့ပျံ
ဖြောင့်စင်းနက်မှောင်
ကျွတ်ထွက်တိုင်း
ရွံသယောင်ရှိတဲ့နောက်လိုက်
တိပသေသပ်
စွဲမှတ်လောက်တဲ့
ကလေးတို့အသက်
ဝေ့ဝိုက်တိကျ
ယိမ်းထနေတဲ့
နေ့စဉ်လျှောက်လှမ်း
အို...။
မွဲအမှိန်
စိုထိုင်းစက
သူစားတဲ့နေရာမှာ
မြမြလေး
မကဲပဲရဲတဲ့
သူ့သနပ်ခါးတင်
ရိုးစင်းသေချာတဲ့
သူ့ကောလာကွပ်
ငွေ့ရည်ဖွဲ့လောက်တဲ့
ညှို့မှောင်မှောင်ကြည့်စရာ
အနံတိုတို
ညဥ့်ခိုကိုစွဲကော့ပျံ
ဖြောင့်စင်းနက်မှောင်
ကျွတ်ထွက်တိုင်း
ရွံသယောင်ရှိတဲ့နောက်လိုက်
တိပသေသပ်
စွဲမှတ်လောက်တဲ့
ကလေးတို့အသက်
ဝေ့ဝိုက်တိကျ
ယိမ်းထနေတဲ့
နေ့စဉ်လျှောက်လှမ်း
အို...။
မွဲအမှိန်
စိတ်ကွယ်ရာက
ခေါင်းငုံလျှောက်ခဲ့တဲ့ ဂွကျကျဟိုဒီ
မှီရာလိုက်တွက်တဲ့ စုတ်တံတစ်ခု
ခြယ်ရာမရောက် ရောက်ရာမှာခြယ်
ပုံသေနည်းမဖြစ်တဲ့ ဂဏန်းအပိုင်းအစငါ
ဘယ်သူ့ကိုမှ အရောင်မစပ်တတ်ဘူး
တစ်ကြောင်းထဲလည်းလမ်း
အရိပ်တွေဖိချ အမှားခြစ်တစ်ခုအဲဒါ
ထင်မိထင်ရာ နောက်ပြန်ကွေ့တစ်နေ့က
မြင်ဖူးနေကျ လက်ပြနှုတ်ဆက်လိုက်
လမ်း...စည်း...မတားထားဘူး
နောက်တစ်လှမ်း...
နောက်...နောက်...တစ်လှမ်း...နောက်
မြားတွေရဲ့ ဦးတည်ချက်အခုထိ
တန်ပြန်မြားတစ်စင်းဖြစ်...နှိုင်တယ်။
မွဲအမှိန်
ခေါင်းငုံလျှောက်ခဲ့တဲ့ ဂွကျကျဟိုဒီ
မှီရာလိုက်တွက်တဲ့ စုတ်တံတစ်ခု
ခြယ်ရာမရောက် ရောက်ရာမှာခြယ်
ပုံသေနည်းမဖြစ်တဲ့ ဂဏန်းအပိုင်းအစငါ
ဘယ်သူ့ကိုမှ အရောင်မစပ်တတ်ဘူး
တစ်ကြောင်းထဲလည်းလမ်း
အရိပ်တွေဖိချ အမှားခြစ်တစ်ခုအဲဒါ
ထင်မိထင်ရာ နောက်ပြန်ကွေ့တစ်နေ့က
မြင်ဖူးနေကျ လက်ပြနှုတ်ဆက်လိုက်
လမ်း...စည်း...မတားထားဘူး
နောက်တစ်လှမ်း...
နောက်...နောက်...တစ်လှမ်း...နောက်
မြားတွေရဲ့ ဦးတည်ချက်အခုထိ
တန်ပြန်မြားတစ်စင်းဖြစ်...နှိုင်တယ်။
မွဲအမှိန်
Subscribe to:
Posts (Atom)