စိတ်ကွယ်ရာက
ခေါင်းငုံလျှောက်ခဲ့တဲ့ ဂွကျကျဟိုဒီ
မှီရာလိုက်တွက်တဲ့ စုတ်တံတစ်ခု
ခြယ်ရာမရောက် ရောက်ရာမှာခြယ်
ပုံသေနည်းမဖြစ်တဲ့ ဂဏန်းအပိုင်းအစငါ
ဘယ်သူ့ကိုမှ အရောင်မစပ်တတ်ဘူး
တစ်ကြောင်းထဲလည်းလမ်း
အရိပ်တွေဖိချ အမှားခြစ်တစ်ခုအဲဒါ
ထင်မိထင်ရာ နောက်ပြန်ကွေ့တစ်နေ့က
မြင်ဖူးနေကျ လက်ပြနှုတ်ဆက်လိုက်
လမ်း...စည်း...မတားထားဘူး
နောက်တစ်လှမ်း...
နောက်...နောက်...တစ်လှမ်း...နောက်
မြားတွေရဲ့ ဦးတည်ချက်အခုထိ
တန်ပြန်မြားတစ်စင်းဖြစ်...နှိုင်တယ်။
မွဲအမှိန်
No comments:
Post a Comment