*စားကျက်မြင့်*
ထမ်းပိုး မကျင့်ရသေးဘူးဆို
ငါမြင်တာ ငါးမိုးရှိပြီ
မင်းစားနေကျ စားကျက်
ငါကနံနက်
ပလွေတစ်ချောင်းနဲ့နွားပစ်တုတ်
ယုန်နဲ့ငှက်ဆိုတာလေးခွရဲ့အသက်
ကျားဆိုတာနွားရဲ့မျက်
ညကိုနောက်လှည့်မကြည့်ဘူး
အမြင့်ကြောက်လို့ ပြုတ်ကျမှာကြောက်
အောက်ကကြည့်တာရှင်းတယ်
မင်း...ခုထိမဆင်းသေးဘူးလား။
မွဲအမှိန်
No comments:
Post a Comment